Saturday, October 3, 2015

Listening and Speaking apk

အင်္ဂလိပ်စာ လေ့လာလိုသူများ အတွက်
Listening and Speaking apk လေးပါ
အရမ်းကောင်းပါတယ် ဒေါင်းပြီးလေ့လာကြည့်ပါ
ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေဆဲပါ
အောက်ပါလင့်တွင် ရယူနိုင်ပါသည်

     ဒေါင်းယူရန်

Thursday, October 1, 2015

Facebook Like Pageမှmemberကို Banဘမ်းနည်း✔

ကိုဇော်သွင် (နည်းပညာ) ရဲ့ စာအုပ်လေးပါ

                                

                                     စာအုပ်ဒေါင်းရန်

လူကြိုက်များတဲ့ ဖိုက်တင်ဂိမ်းကောင်းလေး Bruce Lee: Enter The Game v1.1.0 [Mod Money] Apk



Download ►: ►''  Here ''

www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

Wednesday, September 30, 2015

အရှေ့လေတိုက်သောအခါ - မြသန်းတင့်

မန္တလေးက ညီတစ်ယောက်ကို လက်ဆောင်ပေးဖို့ ဝယ်ထားတဲ့ စာအုပ်လေးပါ။ သူ့ကို လက်ဆောင် မပေးခင် Ebook အဖြစ် ဖန်တီးပြီး အွန်လိုင်းပေါ်က ညီအစ်ကို မောင်နှမများကို အရင်ဦးဆုံး လက်ဆောင်ပေးပါတယ်။ 

ကျနော်တို့ရဲ့ ဆရာမြဟာ ခရီးသွားဆောင်းပါးတွေကို အတော်များများ ရေးခဲ့ဖူးပါတယ်။ အရှေ့လေတိုက်သောအခါ၊ ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုပေးနှင့် အီကွေတာညများ၊ မြောက်ဘက်တောင်ကုန်းဒေသမှ အပြန်၊ လွမ်းမောဖွယ်ရာ ကမ္ဗောဇ၏ နှင်းယွန်းဟေမန်ရက်များ၊ ပုံတောင်ပုံညာသွား တောလားတို့ဟာ ဆရာမြရဲ့ ခရီးသွား ဆောင်းပါးတွေပါပဲ။ ဒီအထဲကမှ အရှေ့လေတိုက်သောအခါ ဆိုတဲ့ စာအုပ်တစ်အုပ်ထဲသာ ရှားရှားပါးပါး ပြည်ပ ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်ပြီး ကျန်တဲ့ စာအုပ်တွေကတော့ ပြည်တွင်း ခရီးသွား မှတ်တမ်းစာအုပ်များသာ ဖြစ်ပါတယ်။ 

ဆွီဒင်ပြည် စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကို ဆရာမြနဲ့ ဆရာဒဂုန်တာရာတို့ ဘယ်လို တက်ရောက်ခဲ့ကြတယ်၊ ဆိုဗီယက်ယူနီယံကို ဘယ်လိုလေ့လာခဲ့ကြတယ်ဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ 

(စကားမစပ် ... ဆရာမြနဲ့ ဆရာဒဂုန်တာရာတိုရဲ့ ငယ်ငယ်တုန်းက ပုံကို ကြည့်ရတာ တော်တော်ခန့်တယ်နော်) 

            စာအုပ်ယူရန်

Nyisay E-book Creator မှ ကူးယူဖော်ပြပါသည်။

အရင်ဧကရာဇ် အခုလူ - ဒေါက်တာသန်းထွန်း

တရုတ်ပြည်ရဲ့ နောက်ဆုံး ဧကရာဇ်မင်းတစ်ပါးရဲ့ အတ္ထုပ္ပတ္တိပါ ခင်ဗျာ။ ရုပ်ရှင်အဖြစ်လဲ ရိုက်ကူးထားတယ်လို့ ထင်ပါတယ်။ ကျနော်တော့ စာအုပ်ကို ebook သာလုပ်လိုက်ရတယ် အခြားအခြားသော ကိစ္စတွေနဲ့ စာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပါဘူး။ စာမျက်နှာ ၃၀ ကျော်ကျော်လောက်ပဲ ဖတ်ရသေးပါတယ်။ စာအုပ်ကောင်း တစ်အုပ်လို့ ယုံကြည်နေပါတယ်ခင်ဗျာ။

                    
စာအုပ်ယူရန်

Nyisay E-book Creator မှ ကူးယူဖော်ပြပါသည်။

ဘီလူးသုံးကောင်နှင့် ဆင်းရဲမွဲတေမှုအယ်လ်ဘမ် (စာရေးဆရာများ)

စာအုပ်အမည် – ဘီလူးသုံးကောင်နှင့် ဆင်းရဲမွဲတေမှုအယ်လ်ဘမ်
ရေးသားသူ – စာရေးဆရာများ
အမျိုးအစား – နိုင်ငံရေး ၊ ဆောင်းပါး

Download Here

Myanmar E-books မှကူးယူဖော်ပြပါသည်။

ပုဂံစေတီဘုရားပုထိုးများသမိုင်းနှင့်ခရီးသွားလမ်းညွှန် (တင်နိုင်တိုး)

စာအုပ်အမည် – ပုဂံစေတီဘုရားပုထိုးများသမိုင်းနှင့်ခရီးသွားလမ်းညွှန်

ရေးသားသူ – တင်နိုင်တိုး

အမျိုးအစား – ခရီးသွား

 

ပုဂံစေတီဘုရားပုထိုးများသမိုင်းနှင့်ခရီးသွားလမ်းညွှန် (တင်နိုင်တိုး)

 Download Here

Myanmar E-books မှကူးယူဖော်ပြပါသည်။

တစ်ခေတ်တစ်ချိန်က ချင်းရိုးမဆီရောက်ခဲ့စဉ် (သောင်းညွန်.သစ်)

စာအုပ်အမည် – တစ်ခေတ်တစ်ချိန်က ချင်းရိုးမဆီရောက်ခဲ့စဉ်
ရေးသားသူ – သောင်းညွန်.သစ်
အမျိုးအစား – ခရီးသွားစာပေ

တစ်ခေတ်တစ်ချိန်က ချင်းရိုးမဆီရောက်ခဲ့စဉ် (သောင်းညွန်.သစ်)

 Download Here

Myanmar E-books မှကူးယူဖော်ပြပါသည်။

ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသွားနေ.စဉ်မှတ်တမ်း

စာအုပ်အမည် – ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသွားနေ.စဉ်မှတ်တမ်း
ရေးသားသူ – ကင်းဝန်မင်းကြီး
အမျိုးအစား – ခရီးသွား

ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသွားနေ.စဉ်မှတ်တမ်း

Download Here

Myanmar E-book မှကူးယူဖော်ပြပါသည်။

Tuesday, September 29, 2015

အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ (ဖေမြင့်)

"Success, Wealthy, Donation"
Author : Phae Myint
Business
Posted Date : 30-Oct-2011
View Count : 4673
File Size : 9.98 MB  

Download Here

Free Library Online မှ ကူးယူဖော်ပြပါသည်။

ကျွန်တော်တို့အားလုံး စကားပြောရမည်

All of We Must Talk
Author : Khin Mg Nyo - Economy
Knowledge, Business
Posted Date : 03-Jul-2013
View Count : 4862
File Size : 8.08 MB      Download Here

Free library Online မှ ကူးယူဖော်ပြပါသည်။

အုပ်ချုပ်သူ လူညံ့ကို ရွေးမိတဲ့အခါ  When We Chose Unwise Leader

စာရေးဆရာ မောင်လွင်မွန် (ကသာ) ပြောပြသည်
သမိုင်းကိုစိတ်ဝင်စားတဲ့ မြန်မာတစ်ယောက်အနေနဲ့ ပုဂံခေတ်နှောင်းပိုင်းက သင်ခန်းစာယူစရာ ဖြစ်ရပ်တချို့ကို ပြန်ပြောပြချင်ပါတယ်။ အဲဒီဖြစ်ရပ်ရဲ့ အဓိကဇာတ် ကောင်ကတော့ အမတ်ကြီး ရာဇ သင်္ကြန်ဖြစ်ပြီး သမိုင်းမှာ နှလုံးရည်ရော လက်ရုံးရည်ပါထက်မြက်သူ အဖြစ်မှတ်တမ်းတင်ကျန်ရစ်ပါတယ်။ အမတ်ကြီးဟာ ဥဇနာမင်း လက် ထက်မှာထင်ရှားကျော်ကြားသူဖြစ် လာပြီးဥဇနာမင်းရဲ့သားကြီး သီဟသူ (တချို့သမိုင်းစာအုပ်များက သင်္ဂသူလို့ ဖော်ပြပါတယ်)က သူလာတာမြင်ရက်နဲ့ အင်္ကျီလက်မသိမ်းရကောင်းလားဆိုပြီး အမတ်ကြီးရဲ့ အင်္ကျီပေါ် ကွမ်းတံတွေးထွေး ချတာခံရပါသတဲ့။ အမတ်ကြီးက ဒီအင်္ကျီကိုသိမ်းထားပြီး နောင်ဥဇနာ မင်းနတ်ရွာစံတဲ့အခါ လွှတ် တော်အမတ်များကို ဒီအင်္ကျီသက်သေနဲ့အတူ သီဟသူရဲ့ ရိုင်းပျစော်ကားမှုကို ပြန်ပြောပြပြီး သူ့အစား သားတော်အငယ်ကို ထီးနန်းတင် ဖို့အဆို ပြုခဲ့ပြီး သဘောတူနန်းတင်ခဲ့ကြပါ တယ်။
      ပုဂံခေတ်မှာ နရပတိစည်သူမင်းကြီး လက်ထက်ကစပြီး လွှတ်တော်ဝန်ကြီးလေးဦးနဲ့ ဘုရင်တို့ ပူးတွဲပြီး နိုင်ငံကို အုပ်ချုပ်ခဲ့တာမို့ ဒီဘုရင်ကို လွှတ်တော်ကရွေးချယ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမတ်ကြီးရာဇသင်္ကြန်နန်းတင်ခဲ့တဲ့ သား တော်အငယ်ဆိုသူဟာ မင်းေ ခွးချေး လို့လူသိများပြီး မင်းမျိုးလည်း မဟုတ်ပါဘူး။ ပန်းပွတ်သည်ရဲ့ သမီးကို မိဖုရားမြှောက်ခဲ့ရာက မွေးဖွားသူဖြစ်ပြီး မင်းခွေးချေးဆိုတဲ့ နာမည်ပြောင်မျိုးနဲ့ လူသိများတယ်ဆိုကတည်းက လူအများလေးစားခန့် ညားရသူ မဟုတ်တာ သေချာပါတယ်။ ဒီလိုလူမို့ အမတ်ကြီးက သီဟသူထက်စာရင် သူကိုင်တွယ် နိုင်မယ့်သူအဖြစ်သဘောထားနန်းတင်ခဲ့ပုံပါပဲ။
      သူဟာဘုရင်ဖြစ်လာတဲ့နောက် မင်းခွေးချေးဆိုတဲ့နာမည်ကိုဖျောက်ပြီး နရသီဟပတေ့ (ခြင်္သေ့ကဲ့သို့ ရဲရင့်တဲ့သူ) ဆိုတဲ့နာမည်နဲ့ နန်း တက်ပါတယ်။ နရသီဟပတေ့ ဘုရင်ဟာ နန်းသက် ၃၃ နှစ်ကြာ အောင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဒီ ဘုရင်ဟာ သမိုင်းမှာ အပျော်ကျူး သူ၊ ဆုံးဖြတ်ချက်လွဲသူ၊ တစ်နေ့ ဟင်းခွက် ၃ဝဝစားပြီးရသ၊ တဏှာ တပ်မက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။နိုင်ငံအုပ်ချုပ်ရေးကို ဆို ထားနဲ့သူ့မိသားစုအတွင်းမှာတောင် မျှတအောင် ဆောင်ရွက်တတ်သူ မဟုတ်ပါဘူး။ မိဖုရားတွေအတွင်း စားတော်ခွဲပေးရာမှာ သူချစ်တဲ့သားကြီး ဥဇနာနဲ့ သားလတ်ကျော်စွာတို့ကို ဝက်လက်ပေးပြီး သားငယ် သီဟသူကိုတော့ ဝက်ပေါင်ပေးပါတယ်။ ဒါကြောင့် သီဟသူရဲ့မယ်တော် မိဖုရားရှင်မောက်က စား တော်ကဲနဲ့ပေါင်းပြီး သားအတွက် ဝက်လက်ခိုးပေးပါတယ်။ နောင် ဘုရင်သိသွားတဲ့အခါ ရှင်မောက်ကို ဝက်လက်ခိုးမ၊ သီဟသူကို ဝက်လက်ခိုးမသားလို့ ကျီစယ်နောက်ပြောင်တဲ့ အတွက် နောင်မှာ သီဟ သူရဲ့လက်ချက်နဲ့ပဲ လုပ်ကြံခံရပြီး ဇာတ်သိမ်းခဲ့ရပါတယ်။
      ဒီမင်းဟာ သူချစ်တဲ့ မိဘုရား စောလုံကိုလည်း အရှက်ခွဲပြီး ကျီ စယ်ရာက မိဘုရားရဲ့ အဆိပ်ခတ် တာကိုခံရပြီး ဒီအမှုပေါ်သွားတဲ့အခါ ရက်ရက်စက်စက် မီးရှို့သတ် ခဲ့ကာနောင်မှနောင်တရပြီး မိဘုရား ကိုတနေတယ်လို့ အဆိုရှိပါတယ်။ သူ့ကို နန်းတင်ခဲ့တဲ့ အမတ်ကြီး ရာဇသင်္ကြန်ကိုလည်း သတိတရ မြှောက်စားခြင်း မပြုပါဘူး။ ဒါ ကြောင့် အမတ်ကြီးက မခံနိုင်ဖြစ်ပြီး ပန်းကလပ်ပဲ့နဲ့ညီလာခံကို ဝင်တော့ ဘုရင်ကမြင်ပြီး မေးတဲ့ အခါမှာ”ပန်းပွတ်သည်ရဲ့ မြေးကောင်းစားလို့ ပန်းပွတ်မယ့်သူ မရှိလို့ပါ”လို့လျှောက်ထားတဲ့အတွက် ဘုရင် ကဒေါသထွက်ပြီးအမတ်ကြီးကို ရာထူးကဖြုတ်ပြီး ဒလကိုပို့ လိုက်ပါတယ်။ အမတ်ကြီးမရှိတော့ ဘူးကြားတော့ မုတ္တမစား၊ မစ္စဂီရိ စားတို့က ပုန်ကန်တော့မှ အမတ်ကြီးကို ပြန်ခေါ်ပြီး နှိမ်နင်းခိုင်းရပါ တယ်။တိုက်ပွဲတွေအပြီးမှာ အမတ် ကြီးဟာပင်ပန်းပြီး ကွယ်လွန်သွားရ ရှာကြောင်း တွေ့ရပါတယ်။ နရသီဟပတေ့ကတော့ ညံ့ဖျင်းတဲ့မင်းပီပီ အမှားတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ အဲဒီကာလက အင်အားကြီးပြီး နယ်ချဲ့နေတဲ့ မွန်ဂိုဘုရင် ကူဗလိုင်ခန် လွှတ်လိုက်တဲ့ သံတမန်တွေကို သူ့ရှေ့မှာ မလေးမစားလုပ်တယ်ဆိုပြီး သတ်ဖြတ်တဲ့အတွက် စစ်ဖြစ်ပါတယ်။ တရုတ်တွေနဲ့ဖြစ်တဲ့ ဒီစစ်မှာ အမတ်ကြီး ရာဇသင်္ကြန်ရဲ့သား စစ်သူကြီး အနန္တပစ္စည်းကျ ဆုံးခဲ့ရပါတယ်။ဘုရင်လည်း တရုတ်ရဲ့ဘေးကနေထွက်ပြေးလို့ ‘တရုတ်ပြေးမင်း’လို့ သမိုင်းတွင်ပါတယ်။ နောက်တော့ ပြည်မြို့မှာ သားတော်သီဟသူရဲ့လက်ချက်နဲ့ နတ်ရွာစံရပါတယ်။ ပုဂံမြို့ကိုတော့ ဒလစား ကျော်စွာဟာ တရုတ်သြဇာခံအဖြစ် ဆက်အုပ်ချုပ်ပေမယ့် နရသီဟပတေ့မြှောက်စားခဲ့ရာ ရှမ်းညီနောင်က အင်အားကောင်းလာ ခဲ့ပါတယ်။ နောက်မှာ မင်းဆက်နှစ်ဆက်လောက် ပုဂံဟာ ဆက်တည်နေသေး ပေမယ့်မစည်ပင်တော့ဘဲ တရုတ်နဲ့ စစ်ပွဲအပြီးမှာပဲ ပထမမြန်မာနိုင်ငံ တော်ဟာ ပျက်သုဉ်းသွား ခဲ့ရတာ ဖြစ်ပါတယ်။
      ရာဇသင်္ကြန်အမတ်ကြီးဟာ ရာထူးကနုတ်ပယ်ပြီး ဒလကိုအပို့ခံရစဉ် လမ်းခရီးမှာ လေပြင်းဒဏ်ကြောင့် သစ်ပင်ကြီးတွေ ကျိုးပဲ့တာကို မြင်ရတော့ ‘ ငါဟာ ပန်းပြား ပင်လိုမလိမ္မာ၊ သစ်ပင်ကြီးတွေလို ကျင့်မိလို့ ဤသို့ပျက်စီးရတယ်’ သံဝေဂစကားဆိုတယ်လို့ အဆိုရှိပါတယ်။ ဆိုလိုတာကတော့ လေပြင်းတိုက်တဲ့အခါ ပန်းပြားပင်က တော့ လေနဲ့အလိုက်သင့် နွဲ့ယိမ်း နေတဲ့အတွက် မကျိုးမပဲ့ဘဲ သစ်ပင်ကြီးတွေက လေကိုကြံ့ကြံ့ခံ ဆန့်ကျင်ရင်ဆိုင်တဲ့အတွက် ကျိုးပဲ့ သလိုသူလည်း ဘုရင်နဲ့အလိုက် သင့်မနေ၊ ကန့်လန့်ခံတိုက်ခဲ့မိလို့ ရာထူးဖြုတ် အပြစ်ပေးခံရတာပဲလို့ ဆိုလိုတာပါ။ ဒီဥပမာသံဝေဂဟာ သမိုင်းမှာ အတော်ထင်ရှားပြီး လူသိလည်းများပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ့်ဓမ္မစစ် သဘော တရားအမှန် ဟုတ်ရဲ့လားဆိုတာ တော့ စိစစ်ဖို့လိုပါလိမ့်မယ်။
      တကယ်တော့ ပညာရှိစကား ဆိုပေမယ့်လည်း အကြွင်းမဲ့ အမှန်မဟုတ်ဘဲ ကာလအခြေအနေတစ်ရပ်အတွက်ပဲ မှန်တာလည်း ရှိတတ် ပါတယ်။ အခု ပန်းပြားပင် ဥပမာစကားဟာ ရာဇသင်္ကြန် အမတ်ကြီး အဲဒီကာလက ကြုံတွေ့ နေရတဲ့အခြေအနေအတွက်တော့ မှန်ကန်ပါတယ်။ ဒါပေမဲ့ အကြွင်းမဲ့လက်ခံရမယ့် ဓမ္မအစစ်အမှန်တော့ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆို တော့လောကမှာတကယ်သာ ပန်းပြားပင်တွေလို အလိုက်သင့်ယိမ်းတဲ့အပင်တွေ ချည်းသာရှင်သန်ကျန်ရစ်ရပြီး လေပြင်းကို ရင်ဆိုင်တဲ့ အပင်ကြီးမှန်သမျှ ကျိုးကျရမယ်ဆို ရင်အားလုံး ဒုက္ခရောက်ဖို့ပဲ ရှိပါတယ်။ အမှန်တော့ လေပြင်း ကိုကြံ့ကြံ့ခံတဲ့အပင်မှန်သမျှ ကျိုး ကျပျက်စီးရတာပဲဆိုရင် မမှန်နိုင် သလို၊ အလိုက်သင့်ယိမ်းတဲ့ ပန်း ပြားပင်တွေပဲ ကျန်မယ်ဆိုတာ လည်း အမှန်တရားမဟုတ်ပါဘူး။ တကယ်တမ်း ကျတော့ လေ တကယ်ပြင်းလို့ သစ်ပင်နားခိုကပ်ပြီး နေရမယ်ဆိုရင် ဘယ်သူမှပန်းပြားပင် ကိုအားမကိုးပါဘူး။ လေကို ကြံ့ကြံ့ ခံတဲ့အပင်ကြီးတွေ ကို သာ ရွေး ခိုကပ်ကြရမှာပါ။
      ဒီလိုပဲလေကိုကြံ့ကြံ့ခံတဲ့ အိမ်မျိုးဆောက်မယ်ဆိုရင် ပန်းပြားပင်နဲ့ ဆောက်လို့မရပါဘူး။ လေကိုကြံ့ကြံ့ခံတဲ့ အပင်က သစ်နဲ့မှ ဆောက်လို့ရမှာပါ။ပညာရှိဆိုတာ အမှန်တရားအတွက် ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါ အဓမ္မလေပြင်းမျိုးနဲ့ တွေ့ရင် အများအတွက် ကြံ့ကြံ့ခံရင် ဆိုင်ရပါလိမ့်မယ်။ ပန်းပြားပင် လို ယိမ်းနေရင်ရှင်သန်ကျန် ရစ်နိုင်ပေမယ့် အများအတွက် ခိုကိုးရာ မဖြစ်တဲ့သူမျိုးအဖြစ် သမိုင်းဆိုး ကျန် ရစ်ပါလိမ့်မယ်။ ကုန်းဘောင်ခေတ်က ယောမင်းကြီး ဦးဘိုးလှိုင်ဟာ မင်းတုန်းမင်းကို သမီးဆက်ပြီး အခွင့်အရေးယူ သူတွေအကြောင်း ရဲရဲကြီးလျှောက်ထားခဲ့လို့ ဘုရင်ဒေါသထွက်သွားပါသတဲ့။ သူ့ခမည်း တော်လက်ထက်က ဦးဘိုးလှိုင်ရဲ့ ဖခင်ကိုထိုးသတ်ခဲ့တဲ့လှံကို နောက် ကြောင်းပြန်မေးခွန်းထုတ်ပြီးမောင် မင်းကော ဒီလှံနဲ့ အစီရင်ခံချင် သလားလို့မေး တော့ ဦးဘိုးလှိုင်က ထိုးတော့မူပါဘုရားဟု ရင်ကော့ပေးခဲ့ပါသတဲ့။ ဦးဘိုးလှိုင်ကတော့ ပန်းပြားပင်မဟုတ်တဲ့ အများအား ကိုးရာအပင်ကြီးအဖြစ် သမိုင်း ကောင်းကျန်ခဲ့ပါတယ်။
      ရာဇသင်္ကြန် အမတ်ကြီးအကြောင်းတွေးမိတဲ့အခါ သင်ခန်းစာကြီးနှစ်ရပ်ကိုရပါတယ်။ တစ်ခုကတော့ကိုယ်ကိုင် တွယ်လို့ရမယ် ထင်လို့ အုပ်ချုပ်သူလူညံ့ကို ရွေးမိတဲ့အခါဒီလူညံ့ကဘုရင်ဖြစ်သွား တော့ ညံ့လည်းညံ့၊ ဥာဏ်လည်း မရှိ၊ အကြင်နာလည်းမရှိဆိုတော့ အမှား များစွာ လုပ်ပါတော့တယ်။ အမတ်ကြီးအပါအဝင် လွှတ်တော် အမတ်များ အရွေးမှားခဲ့တဲ့ဘုရင် ဟာမိဖုရားကိုလည်းသတ်၊ သံတမန်ကိုတောင် သတ်၊ ကာမဂုဏ်လည်း ကျူး၊ အစားလည်းမက်၊ ဥာဏ်လည်းမရှိ၊ လက်ရုံးရည်လည်း မပြည့်ဝမို့ နောက်ဆုံးအ မတ်ကြီး ကိုယ်တိုင် မတရားအပြစ်ပေး ခံရတယ်။ အမတ်ကြီးမရှိတဲ့နောက် နယ်ချဲ့ကျူးကျော်မှုခံရပြီး အမတ် ကြီးရဲ့သားကိုယ်တိုင် ကျဆုံးရတယ်။ နောက်ဆုံး ပုဂံပြည်ကြီးပါ ပျက်သုဉ်းသွားရတဲ့အထိပါပဲ။ ညံ့သူကို ခေါင်းပေါ်တင်မိပြီး ပြန်ချလို့မရ သူများရဲ့အဖြစ် ဆိုးတွေထဲက သမိုင်းသင်ခန်းစာတွေပါ။
      နောက် သင်ခန်းစာတစ်ခုကတော့ ပန်းပြားပင်လို ကျင့်ရမယ်ဆိုတာ ပညာရှိအမတ်ကြီးက စိတ်ခံစားမှုအရ ပြောခဲ့တဲ့စကားဖြစ်ပြီး လိုက်နာသင့်တဲ့အမှန်တရား မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်တွေဟာ ကိုယ်တိုင်လည်း ပန်းပြားပင်လို မကျင့်သင့်သလို၊ ဒီလိုကျင့် မယ့်သူမျိုးကိုလည်းနေရာမပေးသင့်ပါဘူး။ ကျွန်တော်တို့ အလုပ်ခွင်မှာ အလုပ်လျှောက်သူများကို လူတွေ့စစ်ဆေးရာမှာ ကိုယ့်ကိုတမင်မြှောက်ပင့်ပြီးအလိုက်အထိုက် လိုက်ပြော နေသူမျိုးကို တန်ဖိုးထားပြီး မရွေးလိုပါဘူး။အဲဒီလို လေယူရာယိမ်းပြီး အလိုက်သင့်နေ တတ်သူများဟာ ကိုယ့် အလုပ်ခွင်ကို ဖျက်ဆီးမယ့်သူတွေ ဖြစ်ပါတယ်။ ကိုယ်မှားရင်တောင် အမုန်းခံပြီး ထောက်ပြမယ့် လူတော် လူကောင်းမျိုး ကိုသာ ဦးစားပေးရွေးရမှာပါ။
      ဒီတော့ ကိုယ်ကအုပ်ချုပ်ရမယ့်ဝန်ထမ်းလိုလူကိုဖြစ်ဖြစ်၊ ကိုယ့်ကိုအုပ်ချုပ်မယ့်ရှင်ဘုရင်လို လူမျိုးကိုဖြစ်ဖြစ် ကိုယ်အားကိုးလောက်တဲ့ အပင်ကြီးထဲက အကောင်းဆုံးကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ ပန်းပြားပင်လိုမူမရှိဘဲ အလိုက်သင့်ယိမ်းပြီး နေထိုင်သူမျိုးကို ကိုယ့်လက်အောက်ခံအဖြစ်တောင် မရယူသင့်ဘဲ အထက်ကထားဖို့ဆို တာတော့ ထည့်တောင်စဉ်းစားစရာ မလိုတာမျိုးပါပဲ။ ဒါကြောင့် ရာဇသင်္ကြန် အမတ်ကြီးခမျာ သောက တွေထွေနေချိန်မှာစိတ်ခံစားမှုနဲ့ ပြောခဲ့တဲ့စကားက သမိုင်းတွင်ခဲ့ပေမယ့် အများအကျိုးရှိစေရာ ဓမ္မအမှန် မဟုတ်တဲ့ အကြောင်း သတိ ထားစေချင်တာကိုပါ ဒုတိယသမိုင်းသင်ခန်းစာအဖြစ် မျှဝေပေးလိုက်ပါတယ်။ 

Writer : အိမ်စည်စိုးစံ

Source : Popular News Journal

Monday, September 28, 2015

Htila Lungae.apk

ကျွန်တော့် ဘလော့ရဲ့ Htila Lungae.apk လေးပါ

သူငယ်ချင်းများ အလွယ်ဝင်ရောက် ကြည့်ရှုနိုင်ရန်

ပြုလုပ်ထားတာပါ

အောက်ပါ link ကိုနှိပ်၍ download ရယူနိုင်ပါသည်။

         

       ဒီမှာဒေါင်းပါ

Sunday, September 27, 2015

သုတဘဏ်စာတမ်းများ ၂ (စာရေးဆရာများ)

စာအုပ်အမည် – သုတဘဏ်စာတမ်းများ ၂

ရေးသားသူ – စာရေးဆရာများ

အမျိုးအစား – စာတမ်း

 

သုတဘဏ်စာတမ်းများ ၂ (စာရေးဆရာများ) Download Here

Myanmar E-books မှကူးယူဖော်ပြပါသည်။

ကမ္ဘာ့အကြီးဆုံးစာအုပ် (လူထုဒေါ်အမာ)

စာအုပ်အမည် – ကမ္ဘာ့အကြီးဆုံးစာအုပ်
ရေးသားသူ – လူထုဒေါ်အမာ
အမျိုးအစား – စာတမ်း

ကမ္ဘာ့အကြီးဆုံးစာအုပ် (လူထုဒေါ်အမာ)  Download Here

Myanmar E-books မှကူးယူဖော်ပြပါသည်။

ဂျပန် (ပါရဂူ)

စာအုပ်အမည် – ဂျပန်
ရေးသားသူ – ပါရဂူ
အမျိုးအစား – ဆောင်းပါး ၊ စာတမ်း

ဂျပန် (ပါရဂူ) Download Here

Myanmar E-books မှကူယူဖော်ပြပါသည်။

ဈေးကွက်စီးပွားရေးစနစ် နှင့် စီးပွားရေးပေါ်လစီ (ဒေါက်တာအောင်ကိုကို)

စာအုပ်အမည် – ဈေးကွက်စီးပွားရေးစနစ် နှင့် စီးပွားရေးပေါ်လစီ
ရေးသားသူ – ဒေါက်တာအောင်ကိုကို
အမျိုးအစား – စီးပွားရေး

ဈေးကွက်စီးပွားရေးစနစ် နှင့် စီးပွားရေးပေါ်လစီ (ဒေါက်တာအောင်ကိုကို) Download Here

Myanmar E-books မှကူးယူဖော်ပြပါသည်။

Saturday, September 26, 2015

Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း

ဒီနည်းလေးကတော့ အကောင့်ကို မသုံးချင်တော့၍ ဖျက်ချင်တယ်ဆိုရင် ဒီနည်းလေး

ကိုလုပ်ကြည့်ပါ  အခုတလော အကြောင်းအမျိုးမျိုးကြောင့် ဖွဘုတ်ခေါ်Facebook ကို

မသုံးချင်တော့ဘူးဆိုရင် အပြီးဖျက်တဲ့နည်းရှိသလို  ခဏအနေနဲ့ ပိတ်ထားချင်လည်း

ရပါတယ် ။လုပ်တဲ့နည်းက Facebook helpထဲမှာ ရေးထားပြီးသားပါ ။

Click the account menu  at the top right of any Facebook pageChoose Account SettingsSelect Security from the left-hand menuClick on "Deactivate your account" အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာ

ပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 

ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်

မှာ ပေါ်လာမှာပါ အကြောင်း အမျိုးမျိုးကြောင့် အပြီးမဖျက်ချင်ရင် ဒီနည်းသုံး.....။

အပြီးအပိုင်  ဖျက်ချင်တယ်ဆိုရင်တော့ -www.facebook.com/delete.

ကိုနှိပ်လိုက်ပါ. အကောင့်ဝင်ထားတာဆို Deleteပေါ်လာတယ်

မ၀င်ရသေးရင်တော့ အကောင့်ဖြည့်လိုက်. ဖျက်တာမြန်ပါတယ်

14 ရက်ကြာမှသာ ပျက်တာပါ ဒီကြားထဲ ပြန်ယူချင်လည်းရတယ် 

မောင်စွယ်စုံမှ ကူးယူဖော်ပြပါသည်။

Facebook သုံးသူများအတွက် Status ၊Relationship ..အတုလုပ်နည်း

ဒီဟာလေးကတော့ ဟာသအဖြစ်ရော ၊ မသိသေးတဲ့သူကို နောက်ချင်တဲ့အခါ

အခုလိုလေးလုပ်ပြီး နောက်ပြောင်လို့ ရပါတယ် အောက်မှာအသေးစိတ်ဖတ်ပါ

ပထမဆုံး - http://thewallmachine.com/  link ပေါ်ကိုနှိပ်လိုက်ပါ

ရောက်သွားပီဆိုရင် F ပုံလေးနဲ့ တွဲရက် Connect ကိုနှိပ်ပါ

ဘာလာလာ Ok ပေးလိုက် ။ အဲ့ဆိုရင် အတုလုပ်ဖို့ အတွက်ရပြီ

သူနမူနာပေးထားတဲ့ စာတွေကို  ကလစ်2ချက်ဆက်တိုင်နှိပ်ပီး လိုရာရေး

ပုံတွေလည်း စိတ်ကြိုက် Like လည်း စိတ်ကြိုက် Comment စိတ်ကြိုက်

လိုအပ်သလို စာတွေကို နှစ်ချက်စီနှိပ်ပြင်လို့ ရပါတယ်

အောက်နားမှာ လိုအပ်လို့ အသုံးချချင်ရင် အများကြီး၇ှိသေးတယ်နော်

Relationship ဆိုရင်လည်း လိမ်လို့ ရတယ် တစ်ဦးနဲ့ တစ်ဦးမကောင်းကြံ

လိမ်လည်ရေးသားမယ်ဆို ဒီနည်းက အထင်လွဲစရာနော် ကောင်းတဲ့ဘက်

ကောင်းတဲ့စိတ်ကူးနဲ့ သုံးကြည့်လိုက်ပါ ။ တော်ကြာ ကိုယ့်ပုံကြီးခိုးတင်ပီး

မောင်စွယ်စုံကျမ်းက ဆဲနေပါတယ်ဗျိုး ဒီမှာ ပုံတောင်ရိုက်ပြထားတယ်ဆို

သေပီဆရာပဲ ။ အဲ့တော့ ကောင်းတက်ဘက် ဟာသလုပ်မယ့်ဘက်မှာ သုံး

မောင်စွယ်စုံမှ ကူးယူဖော်ပြပါသည်။

လုပ်ငန်းခွင်ဝင်သူများနဲ့  အခြေခံမသိသေးတဲ့ ကွန်ပျုတာသမားအတွက်စာအုပ်

ဒီစာအုပ်လေးက ကွန်ပျုတာ သင်တန်းမတက်ဖူးသူ နဲ့ စနစ်တကျ မသင်ခဲ့ရတဲ့သူအဖို့ 

တန်းဖိုးရှိတဲ့ စာအုပ်တစ်အုပ်ပါ ။ကွန်ပျုတာအခြေခံကို ပါဝါ အဖွင့်အပိတ်က စတင်ပြီး

မောက်စ်ကိုင်နည်း ပရိုဂမ်တွေ ယူသုံးနည်း  ဖွင့်နည်းအထိ သင်တန်းစတက်ရသလိုပဲ

အသေးစိတ် ပုံနှင့်ရှင်းထားတာမို့   သင်တန်းတက်စရာတောင်  မလိုပါဘူး ။နောက်ပီး

Excel နဲ့  Work အတွက်  လုံငန်းခွင်သုံး  စာရင်းဇယား ရေးဆွဲနည်း  အခြေခံတွေရော

အင်တာဗျူးဖြေမဲ့  အလုပ်သမားအသစ်တွေအတွက်   လက်မလွတ်သင့် ဖတ်သင့်တဲ့

စာအုပ်ပါ ။ Excel  စသုံးတဲ့သူများ   ဇယားကွက်ထဲမှာ သုံညတစ်( 01) လို့ ရိုက်ကြည့်

သုံည မပေါ်ပဲ နေပါလိမ့်မယ် ။ အဲ့လိုအခါမှာ Format cells ကို   မဖြစ်မနေ   သုံးရပါပြီ

အဲ့တာ  လုံးဝ အခြေခံဆိုတာ  ရုံးမှာ Excel သုံးတဲ့သူတွေ သိပါလိမ့်မယ်။ အပိုင်းကိန်း

ရေးတာကအစ  အနုတ်လက္ခဏာ သုံးတာ  Formula ချတာ  စသဖြင့် မဖြစ်မနေသိဖို့ 

အများကြီးပါပါတယ် ။  အလုပ်တစ်ခုနဲ့ တစ်ခု  မတူတာမို့    အခြေခံစာရင်းဇယားဆွဲ

ဖော်မျူလာချတတ်ပီဆိုရင်  ဘယ်ရုံးမှာပဲလုပ်လုပ်  အသုံးဝင်မှာပါ  အခြေခံမသင်ဖူး

စာရင်းဇယား လုံးဝမဆွဲတတ်သေးဘူးဆိုရင်တော့ သေချာပေါက်ဖတ်ထားသင့်ပါ၏

Download Mediafire => Computer basic and Excel Work 

Download Zippyshare => Computer basic and Excel Work  

မောင်စွယ်စုံမှ ကူးယူဖော်ပြပါသည်။

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေပါသလား

ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို

ဖော်ပြလိုက်ပါတယ်။

၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။

အပြည့်လည်း မသွင်းပါနဲ့။ အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်

ထရီတွေကို အသုံးပြုထားပါတယ်။ ဒီဘက်ထရီတွေက အားကို (၁၀၀)

ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံး

လို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီ

အား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်း

လောက်အထိပဲ အားသွင်းပါ။

၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။

ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲစဉ်းစားဖူးပါလား။

ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်

ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး

ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ

သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင်

အသစ်လဲပေးဖို့လိုပါတယ်။

၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။

သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။

Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်

စေပါတယ်။ လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်

တိုင် ချိန်ညှိပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

၎။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။

သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်

ရုံသာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင်

အသံမြည်အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ

ဘက်ထရီကုန်တာကလွဲပြီး အခြားအကျိုးမရှိပါဘူး။

၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။

အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း

အားသွင်းစနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်

ရာအမျိုးအစားရဲ့ အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။

၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။

ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထား

ရုံနဲ့ ဘက်ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း

ပိုကောင်းစေပါတယ်။ ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်

မှသာ ဖွင့်သုံးပါ။

၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း

နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စ

မတ်ဖုန်းကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါ

တယ်။ ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှ

တ်ထားရင် ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)စက္ကန့်လောက်ပဲ ထားပါ။

၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။

စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ App တော်တော်များများက လစဉ် update

လုပ်ပေးဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်

လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့

သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို သုံးဖြုန်းပစ်မှာပါ။

၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။

သင့်ရဲ့ e-mail တွေကို မကြာခဏ update ဖြစ်ဖို့ လိုတယ်ဆိုမှ

Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်တဲ့ အခြား e-mail Apps

တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။

၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။

ဖုန်းလိုင်းသိပ်မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး

လိုင်းရှာရစေပါတယ်။ ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်

တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ Airplane mode လုပ်ထားတာမျိုးက

ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ ၁၁။ မလိုအပ်ပဲ process

တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်ပဲ နောက်ကွယ်မှာအ

လုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်ပါတယ်။

ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး

ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်း

တဲ့ Apps တစ်ခုခုသုံးနိုင်ပါတယ်။

Ref;....www.aungsanlin.com

Credit : အိုင်တီလမ်းညွှန်