Wednesday, September 30, 2015

အရှေ့လေတိုက်သောအခါ - မြသန်းတင့်

မန္တလေးက ညီတစ်ယောက်ကို လက်ဆောင်ပေးဖို့ ဝယ်ထားတဲ့ စာအုပ်လေးပါ။ သူ့ကို လက်ဆောင် မပေးခင် Ebook အဖြစ် ဖန်တီးပြီး အွန်လိုင်းပေါ်က ညီအစ်ကို မောင်နှမများကို အရင်ဦးဆုံး လက်ဆောင်ပေးပါတယ်။ 

ကျနော်တို့ရဲ့ ဆရာမြဟာ ခရီးသွားဆောင်းပါးတွေကို အတော်များများ ရေးခဲ့ဖူးပါတယ်။ အရှေ့လေတိုက်သောအခါ၊ ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုပေးနှင့် အီကွေတာညများ၊ မြောက်ဘက်တောင်ကုန်းဒေသမှ အပြန်၊ လွမ်းမောဖွယ်ရာ ကမ္ဗောဇ၏ နှင်းယွန်းဟေမန်ရက်များ၊ ပုံတောင်ပုံညာသွား တောလားတို့ဟာ ဆရာမြရဲ့ ခရီးသွား ဆောင်းပါးတွေပါပဲ။ ဒီအထဲကမှ အရှေ့လေတိုက်သောအခါ ဆိုတဲ့ စာအုပ်တစ်အုပ်ထဲသာ ရှားရှားပါးပါး ပြည်ပ ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်ပြီး ကျန်တဲ့ စာအုပ်တွေကတော့ ပြည်တွင်း ခရီးသွား မှတ်တမ်းစာအုပ်များသာ ဖြစ်ပါတယ်။ 

ဆွီဒင်ပြည် စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကို ဆရာမြနဲ့ ဆရာဒဂုန်တာရာတို့ ဘယ်လို တက်ရောက်ခဲ့ကြတယ်၊ ဆိုဗီယက်ယူနီယံကို ဘယ်လိုလေ့လာခဲ့ကြတယ်ဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ 

(စကားမစပ် ... ဆရာမြနဲ့ ဆရာဒဂုန်တာရာတိုရဲ့ ငယ်ငယ်တုန်းက ပုံကို ကြည့်ရတာ တော်တော်ခန့်တယ်နော်) 

            စာအုပ်ယူရန်

Nyisay E-book Creator မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment