Friday, September 25, 2015

မဟာချိုင် တစ်ထောင့်တစ်ညပုံပြင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက်ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့မဟာချိုင်ဆိုတာ၊ ပင်လယ်ဆိပ်ကမ်း ငါးဖမ်းလှေတွေ ဆိုက်ကပ်ပြီး ထိုင်းနိုင်ငံအတွက် အဓိကငါးပုဇွန်လုပ်ငန်း (ပင်လယ်အစားအစာ) ကုန်ချော ထုတ်လုပ်တဲ့ ဒေသမြို့ကြီးတစ်ခုဖြစ်ပါတယ်။ နယ်မြေ ကျယ်ကျယ် ပြန့်ပြန့်မှာ ရေတွက်လို့မရနိုင်တဲ့ မြောက်များစွာသော၊ စက်ရုံအလုပ်ရုံတွေသီးသီးခြားခြား တည်ဆောက်ထားပါတယ်။ မြို့အခင်းအကျင်းအရ အလုပ်ရုံအနီးအပါးမှာ အလုပ် လုပ်တဲ့ အလုပ်သမားတွေ နေထိုင်ဖို့ အိမ်ခန်းများ ဈေးများဈေးဆိုင်များ ရောင်းချနေထိုင်ကြတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ မဟာချိုင်နယ်မြေကိုဝင်သွာ;တာ နဲ့တပြိုင်နက်ငါးပိနံ့/ ငါးနံ့အပုပ်နံ့ဆက်တိုက် နံ့စော်နေပါတယ်။ ရေမြောင်းကြီးငယ်တွေမှာ အကုန်လုံးငါး ပုဇွန်စွန်ပစ် အညစ် ကြေးအရည်တွေနဲ့ မည်းနက်နေပါတယ်။ မြို့လယ် ကောင်မှလွဲရင် အခြားရပ်ကွက်တွေ စက်ရုံတွေအနားမှာ ဒီရေရောက် သစ်ပင်ကြီးငယ်တွေ ပေါက်ရောက် နေပါတယ်။ အထူးသဖြင့် ဓနိတောကြီး တွေ ဟီးထ နေအောင်ရှိပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်နဲ့ ပြေးနေတဲ့ တိုင်းပြည်ဖြစ်တာကြောင့်သာ လမ်းတွေ၊ အဆောက်အဦးတွေ ဆက်သွယ်ရေးတွေ၊ စားသောက်နေထိုင်ရေးတွေ ၂၄နာရီလင်းနေတဲ့မီးတွေကြောင့် သာနေထိုင်ချှင်စရာ ဖြစ်နေတာပါ။ ကျနော်တို့ မြန်မာပြည် ပိုက်ဆိပ်လိုပါပဲ။ အနံ့အသက်တွေက လေထု ထဲမှာစွဲနေတာပါ။

ဒီလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမားတွေ၊ သိန်းချီရှိနိုင်တယ်လို့ မဟာချိုင်အခြေစိုက်အင်ဂျီအိုတွေက
ခန့် မှန်းထားကြပါတယ်။ စရိုက်အထူးကြမ်းတမ်းတဲ့နေမြေအဖြစ်လည်းအထူးထင်ရှားပါတယ်။
မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းလုပ်ငန်းရှင်တွေ၊ထိုင်းရဲတွေ၊ထိုင်းလမ်းသရဲတွေ နိုင်
ချင်တိုင်းနိုင်၊လုပ်ချင်တိုင်းလုပ်နိုင်တဲ့အရပ်ဒေသဖြစ်ပါတယ်။ဆယ်စုနှစ်နဲ့ချီပြီး မဟာချိုင်မှာ မတရားပြုကျင့်
ခံနေကြရ ၊ဘာမသိညာမသိအသတ်ခံရ၊ထိုင်းရဲဖမ်း၊ထိုင်းလမ်းသရဲဖမ်း၊အခန်းထဲကိုဝင်ပြီးယူချင်တာယူ၊လမ်း
မှာပိတ်ဆံအိပ်တို့၊လက်ဝတ်လက်စားတို့ကိုလုယူခံနေရတာက နေ့ တိုင်းပါ။
ရှင်းရှင်းပြောရရင်မြန်မာတွေကိုဒီလူတွေကလုပ်ချင်သလိုလုပ်လို့ ၇တဲ့အရပ်သေဒက မဟာချိုင်ပါ။
မဟာချိုင်မှာ အတော်အသင့်နာမည်ရှိနေတဲ့လူမှုရေးအဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ယောက်က
အလုပ်သမားတစ်ယောက်လက်ပြတ်သွားတယ်၊အင်ဂျီအိုတစ်ခုနဲ့ တရားစွဲတယ်၊အမှုတွဲ တရားရုံးဖြစ်ဖြစ်
သူဌေးဆီကိုပဲဖြစ်ဖြစ်ရောက်သွားတာနဲ့ အဲဒီအင်ဂျီအိုကဆက်ပြီးမလုပ်ရဲတော့ဘူး လို့ ဆိုပါတယ်။
မဟာချိုင်၊နကပထုန်မှာလုပ်ငန်းခွင်ထိခိုက်မှုကြောင့်လက်ပြတ်သွားတာကိုဘာကိုမှမတိုင်ပဲ၊ကိုယ့်ကိုကိုယ်
ဆေးကု၊လုပ်နိုင်ရင်ဆက်လုပ်၊မလုပ်နိုင်ရင်မြန်မာပြည်ပြန်တာကအေးချမ်းအုံးမယ်၊ခုအဲဒီလက်နှစ်ဖက်ပြတ်
တဲ့ကောင်းမလေးကမနေရဲမထိုင်ရဲဖြစ်နေရတယ်။သူ့အတွက်အကာအကွယ်မဲ့သွားတယ်။မိသားစုကဗမာပြည်
ပြန်ပိုဖိုလည်းအိုးမရှိအိမ်မရှိ၊ဒီမှာထားတော့လည်းသူဌေးလူတွေကလာခြိမ်းခြောက်နေတယ်။ပစ်သတ်မယ်ဘာ
ညာဖြစ်နေတယ်။
အင်ဂျီအိုတွေကိုဖုန်းဆက်တော့ဖုန်းမကိုင်တော့ဘူး။အဲဒါကြောင့်မဟာချိုင်ကအလုပ်သမားတွေက၊အဖွဲ့အစည်း
တွေကကူညီမယ်ဆိုရင်လန့် သွားပြီလို့ ဆိုပါတယ်။မဟာချိုင်မှာအဖွဲ့အစည်းတွေများတယ်။မဟာချိုင်မှာ မြန်မာအလုပ်သမားတွေရဲ့ကျမ္မာရေးကိုကူညီတယ်ဆိုပြီး သတင်းမီဒီယာတွေမှာ အတော်နာမည်ယူတဲ့အဖွဲ့အစည်းအကြီးကြီးရှိပါတယ်။တကယ့်တကယ်ကျတော့မဟုတ်ဘူးလို့ ဆိုပါတယ်။
အသက်၁၉နှစ်အရွယ်သထုံမြိ့။အလံတစ်ရာကမခင်ဝင်းဆိုတဲ့အလုပ်သမငယ်တစ်ဦးပါ။လုပ်ငန်းခွင်မှာထိခိုက်ပြီး
ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့်ပုပ်ပွနေတဲ့အဲဒီလူနာတစ်ယောက်ကိုအဆိုပါလူမှုရေးအဖွဲ့ကလူက ဈေးအနီးမှာရှိတဲ့၊စီဝိချိုင်အမှတ်(၅)ဆေးရုံကိုသွားပြီးပို့ ဆောင်ပါတယ်။အဲဒီမှာလုပ်သက်ရင်နေပြီဖြစ်တဲ့အသက်၃၀ကျော်အရွယ်ခန့်မြန်မာဘာသာပြန်ဝန်ထမ်း
အမျိုးသမီးက၊မောက်မောက်မာမာဆက်ဆံလိုက်တာတော်တော်ခံပြင်းဖို့ကောင်းပါတယ်။ပုဂ္ဂလိကဆေးရုံဖြစ်တာ
ကြောင့်လာပို့ လို့ မရကြောင်းပြောပါတယ်။ ပြန်သွားတာနဲ့ လမ်းဘေးကုထိုးချထားလိုက်တော့မယ်လို့ ဆိုပါတယ်။လိုက်ပို့သူကအစိုးရဆေးရုံကိုမသိတာကြောင့် ဒီဆေးရုံကိုလာခဲ့ခြင်းဖြစ်တယ်။အဲဒီအစိုးရဆေးရုံကို ခင်ဗျားကိုယ်တိုင်လိုက်ပို့ မလားဆိုတော့လည်း ပို့စရာမလိုဘူးလို့ ပြောပါတယ်။ထိုင်းပြောရင်ခံသာနိုင်ပေမယ့်မြန်မာနိုင်ငံသားအချင်းချင်းအခုလိုပြောတာကို စိတ်မကောင်းဖြစ်ရတယ်လို့ လူမှုရေးအဖွဲ့ကပုဂ္ဂိုလ်ကပြောပါတယ်။အလုပ်သမားတွေဆီကအလှူခံပြီး၊အစိုးရဆေးရုံမှာဆေးဝါးကုသပြီးမခင်
်ဝင်းရောဂါပျောက်သွားပြီးဖြစ်တာကြောင့်နေရပ်ကိုပြန်ပို့ လိုက်ပြီးဖြစ်ပါတယ်။
မခင်ဝင်းပြောပြခဲ့တာကသူအ၇ိုးကျိုးသွားတယ်၊ဆေးကုဖို့ မေးတော့ သိန်းချီကုန်မယ်
လို့ပြောတာကြောင့်ထိုင်းသူဌေးကပရုပ်ဆီဗူးပေးပြီး အခန်းထဲသော့ပိတ်ထားလိုက်တယ်။ ခြေထောက်
တွေပုပ်ပွလာတော့ လမ်းမှာသွားပစ်ထားလိုက်တာဖြစ်ပါတယ်။လူတွေဝိုင်းအုံနေပြီးငိုနေတာကိုမြင့်လို့အဲဒီမှာ အစောကအဖွဲ့ကလူနဲ့သွားဆုံတာဖြစ်ပါတယ်။
မိုလင်းခါနီးနံနက်၂နာရီမှာဆင်းရတဲ့အလုပ်ရုံမိုးလင်းခါနီး၃နာရီနဲ့၎နာရီမှာဆင်း၇တဲ့အလုပ်ရုံတွေရှိပါတယ်၊ ညဘက်
ကျတော့လည်း ညနေ၈နာရီပြန်လာတဲ့လူ၊ညသန်းခေါင်၁၂နာရီမှာပြန်လာရသူတွေရှိတွေရှိပါတယ်။ ဒီလိုအချိန်မရွေးအလုပ်သွားအလုပ်ပြန်လုပ်နေတဲ့မြန်မာအလုပ်သမလေးတွေ အုပ်စုလိုက်ရှိပေမယ့် ထိုင်းလမ်းသရဲတွေကြိုက်နှစ်သက်ရာကိုဖမ်းပြီးကားပေါ်ကိုဆွဲတင်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်းပြီးခဲ့တဲ့တစ်ပတ်
က မဟာချိုင်မှာဖြစ်ခဲ့ပါတယ်။ အတူသွားလာကြတဲ့မြန်မာအလုပ်သမားအချင်းချင်းကာကွယ်စောင့်ရှောက်ဖို့ နေနေသာ
သာ ကိုယ်ပါ ပါမှာစိုးလို့  အားလုံးထွက်ပြေးကြတယ်လို့ ဆိုပါတယ်။အလုပ်ကိုအချိန်မရွေးလုပ်နေကြရတဲ့
မြန်မာအလုပ်သမားတွေကို ထိုင်းလုပ်ငန်းရှင်တွေက လုပ်အားခကို ကျသင့်သလောက်ရှင်းမပေးပေမယ့်
အလုပ်သမားတွေမှာ တောင်းဆိုပိုင်ခွင့်မရှိပဲ ရှင်းသလောက်ယူရတယ်လို့ ဆိုပါတယ်။အပြင်မထွက်ရပဲ
လှောင်ပိတ်ပြီးခိုင်းထားတဲ့အလုပ်ရုံတွေနဲ့ အချို ကုမ္ပဏီတွေမှာ သူဌေးဆွေမျိုးတွေက ဈေးဆိုင်တွေရောင်း
ချတတ်ကြပါတယ်။ သူတို့ဆိုင်မှာ ကအပြင်မှာထက်ဈေးကြီးတတ်ပါတယ်။ မ၀ယ်ရင်စိတ်ဆိုးတာကြောင့်
မ၀ယ်ချင်းပဲဝယ်ကြရပါတယ်။ ကုမ္ပဏီတစ်ခုမှာဆိုရင် အဲဒီအလုပ်ရှေ့မှာ ပလပ်စတစ်နဲ့ထုတ်ထားတဲ့
ကော်ဖီကိုသောက်ရင် အလုပ်လုပ်တာမှာ ရွှင်လမ်းတက်ကြွတယ်လို့ ပြောပါတယ်။ အချို့အလုပ်ရုံကလုပ်ငန်းရှင်
တွေမှာ အငယ်အနှောင်းတွေကထမင်းဟင်းတွေရောင်းပါတယ်။ရောင်းမစွံ
သမျှ ရောင်းနေတာကြောင့်တစ်ရက်နှစ်ရက်ကြတော့ အထုတ်ကိုဖွင့်လိုက်တော့ သိုးနေတဲ့ဟင်ထုတ်
တွေကများပါတယ်။အခြားမှာလည်း ၀ယ်စားလို့ မဖြစ်နိုင်တာကြောင့် မြန်မာအလုပ်သမားတွေ အတော်
အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
မြ၀တီ/မဲဆောက် ကလူကုန်ကူးသူတွေ ကလာရောက်ရောင်းချထားတဲ့ ရာချီရှိတဲ့ မြန်မာအလုပ်သမား
တွေ၊ကလေးအလုပ်သမားတွေကို မ၀ရေစာကျွေးမွေးပြီးတော့ တစ်နေ့ကိုနာရီ၂၀ လောက် ခိုင်းနေတဲ့
အလုပ်ရုံတွေ၊အချို့စက်ရုံမှာ တုတ်နဲ့ရိုက်ခိုင်းတဲ့အလုပ်ရုံတွေလည်းရှိပါတယ်။မြန်မာအလုပ်သမား
တစ်ထောင်ဝန်းကျင်လောက်လုပ်ကိုင်နေတဲ့ ၀ပ်ကန်ဖါအရပ်မှာရှိတဲ့စီလဖုန်း ငါးပုဇွန်အလုပ်ရုံမှာ အယင်တုန်းကကီလိုစားလုပ်တဲ့လူတွေဟာကိုယ်လုပ်တဲ့အချိန်ပေါ်မူတည်ပြီးတော့ဝင်ငွေတွေကိုခန့် မှန်းလို့ ၇ပါတယ်။ခုတလောမှာတော့၅၀၀ဘတ်လောက်ရမယ်လို့မှန်းထားတာ၃၀၀ကျော်ပဲရှင်းပေးလာပါတယ်။
ဘာကြောင့်လဲဆိုတာမသိရပါဘူး။ပြီးခဲ့တဲ့နှစ်ကအဆိုပါငါးပုဇွန်ရုံကိုနိုင်ငံတကာအဖွဲ့အစည်းတစ်ခုကလာစစ်တဲ့
အခါအခန်းခမပေးရဘူးလို့မှာထားပါတယ်။ ရေခမီးလလောက်ပဲပေးရတယ်လို့ ပြောခိုင်းပါတယ်။ အလုပ်ရုံကပြောခိုင်းတိုင်းမပြောတဲ့လူတွေကိုတော့ အဲဒီစစ်ဆေးတဲ့နေ့မှာအလုပ်နားခိုင်းထားပါတယ်။
ခုအလုပ်ရုံမှာ လူပေါင်း၃၀၀ လောက်ကယာယီပတ်စပို့ လုပ်ပြီးပါပြီ။ခုဘာဖြစ်နေလဲဆိုတော့ မဲဆောက်သွား
သွား၊ကန်ချနဘူရီကိုပဲသွားသွားတံဆိပ်တုံးထုခ ဘတ်၁၀၀၀ ပေးရပါတယ်။အစတုန်းကတော့ထိုင်းနိုင်ငံအ
တွင်းသွားလာလို့၇တယ်လို့ပြောခဲ့ပေမယ့်ခုဒီလိုပေးရမယ်၊တစ်နှစ်ပတ်လုံးမြန်မာပြည်ကိုသွားချင်သလိုသွားလို့ရ
အောင်ဘတ်၄၀၀၀တစ်နှစ်စာပေးထားရတယ်လို့ ထမင်းစားဆောင်မှာကပ်ထားပါတယ်။ဘယ်မှမသွားပဲရိုးရိုးသုံးလတစ်ကြိမ်သက်တမ်းတိုးတဲ့လူတွေဆိုရင် တံဆိပ်တုံး
ထုခ ဘတ်၅၀စီပေးရပါတယ်။
မဟာချိုင်မှာဧပြီလက ယာယီပတ်စပို့ လုပ်တဲ့ကုမ္ပဏီတစ်ခု လူထောင်ချီပြီးတော့ ငွေတွေရယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက်မြန်မာအလုပ်သမားထောင်ချီပြီးငွေတွေဆုံးရှုံးခဲ့ကြရပါတယ်။
လူကုန်ကူးနေသူတွေဘယ်သူလဲဆိုတာကိုမဟာချိုင်ကအာဏာပိုင်တွေသိပါတယ်။ဘန်ကောက်ကအထူးတပ်ဖွဲ့
တွေလည်းသိပါတယ်။၂၀၀၉အစောပိုင်းကဘန်ကောက်ကအလုပ်သမားအရေးလုပ်တဲ့အဖွဲ့တစ်ခုနဲ အဲဒီအထူးတပ်ဖွဲ့တို့ မဟာချိုင်ကလူကုန်ကူးခံနေရတဲ့မြန်မာအလုပ်သမား၅၀ကျော်ပိတ်လှောင်ထားတဲ့နေရာ
ကိုဖမ်းဆီးဖို့သွားရောက်ခဲ့ပါတယ်။ မဟာချိုင်ဝင်ဝ ဓါတ်ဆီိဆိုင်နားမှာ အဖွဲ့တွေ နားနေစားသောက်နေတုန်း၊
မဟာချိုင်က ပုလိပ်တစ်ယောက်ရောက်လာပါတယ်။ ဗဟိုအဆင့်ကဆင်းပြီးဖမ်းဆီးစရာမလိုကြောင်း၊မဟာချိုင်မှာအင်ဂျီအိုတွေ၊လူကုန်ကူးမှုတိုက်ဖျက်တဲ့အဖွဲ့တွေ
ရှိပြီးသားဖြစ်ကြောင်း၊သူတို့ကိုယ်တိုင်နှိမ်နင်းနိုင်ကြောင်းပြောဆိုပြီးပထုတ်ခံခဲ့ဖူးပါတယ်။ မဟာချိုင်မှာရှိတဲ့ ကျမ္မာရေး၊
ပညာရေးအင်ဂျီအို အချို့တွေ၊နာရေးကူညီမှုအဖွဲ့ ၊အချို့တွေ၊စာကြည့် တိုက်တွေ အသင်းအဖွဲ့တွေအနည်းငယ်ရှိပါတယ်။သူတို့တွေကလည်းကိုယ်လုပ်နိုင်တာထက်အထင်ကြီးပြီး၊ပူးပေါင်းဆောင်
ရွက်မှုအားနည်းတာတွေ၊ရဲရဲရင်ရင့်လုပ်နိုင်တာတွေအထူးနည်းပါးကြတယ်လို့တလာကုန့်ကအလုပ်သမားတွေက
ပြောပြကြပါတယ်။
မြန်မာအလုပ်သမားတွေ အားကိုးအားထားပြုလောက်တဲ့အဖွဲ့အစည်းတွေမရှိပဲ၊လူမှုရေး၊ဘာသာရေး၊စတဲ့
အဖွဲ့တွေဟာလည်း မတ၇ားလုပ်နေတဲ့ထိုင်းပုလိပ်နဲ့ပုလိပ်တပည့်မွန်ဗမာတွေကိုကြောက်နေကြရတယ်လို့
ချဲစာရွက်နဲ့ စွတ်စွဲပြီးဘတ်၆၀၀၀ ပေးလျှော်လိုက်ရသူ မဟာချိုင်မူစီနယ်မြေက ကိုမျိုးကပြောပါတယ်။
မူစီစံကျေက်က ကိုဝိုင်းကတော့ မဟာချိုင်က အချို့အဖွဲ့တွေဟာ ဗမာပြည်က တရားဟော ဆရာတော်
တွေကို ပင်ပြီးတော့ တရားပွဲတွေလုပ်ကြတယ်၊ပြီးတော့ အလှူငွေအချို့ထက်ဝက်ကို ရံပုံငွေအဖြစ်ယူ
ထားလိုက်ကြတယ်၊အဲဒီယူထားလိုက်တဲ့ငွေတွေ ဘာလုပ်လို့ လုပ်မှန်မသိတော့ဘူး။ဒါပေမယ့်၊ပြည်ပ
တိုင်းပြည်တစ်ခုမှာ မိမိတို့တိုင်းပြည့် သံဃာတော်တွေကိုဖူးမြင်ကြည်ညိုခွင့်ရတာကြောင့် သဒ္ဒါတရား
ထက်သန်စွာလှူဒါန်းကြတာဖြစ်တယ်လို့ ပြောပါတယ်။အခြားလူမှုရေးလုပ်ငန်းအချို့မှာ မြန်မာအလုပ်
သမားတွေကို ကူညီပေးသလိုနဲ့ခေါင်းပုံဖြတ်မှုတွေရှိနေတာဟာအထူးအရုပ်ဆိုးအကျည်းတန်တယ်လို့
မဟာချိုင်ကအလုပ်သမားတွေကညဉ်းတွားကြပါတယ်။
မဟာချိုင်တလာကုန့်အလွန်လမ်းခွဆုံကားမှတ်တိုင်မှာအသက်၄၀၀န်းကျင်အရွယ်အသားလတ်၊အရပ်ငါးပေ
ကျော်ဘယ်နားရွက်ပြတ်နဲ့ထိုင်းနတ်ကလိမ်(လမ်းသရဲ)တစ်ယောက်ဆိုရင်ခါးပတ်အိပ်တစ်လုံးကိုပတ်ပြီး၊
နေ့တိုင်းထိုင်နေတတ်ပါတယ်။ကားပေါ်ကဆင်းလာတဲ့ဗမာမြင်သမျှကိုဘတ်စစ်ပါတယ်။ မဟာချိုင်ကဘတ်မဟုတ်တဲ့လူဖြစ်ဖြစ်၊ဘတ်မရှိတဲ့မဟာချိုင်ကမြန်မာအလုပ်သမားပဲဖြစ်ဖြစ်ငွေတောင်းပါတော့
တယ်။ ခပ်ကြမ်းကြမ်းကိုင်တွယ်၇မယ်ဆိုရင်တော့ သူ့ဆရာပုလိပ်ကိုဖုန်းဆက်ပြီးခေါ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားသတင်းထောက်တစ်ယောက်နဲ့မြန်မာအလွတ်သတင်းထောက်တစ်ယောက်တို့ 
မဟာချိုင်မှာ ပုလိပ်ဖမ်းဖို့ကြောက်လို့တောထဲပုန်းနေ၇တဲ့မြန်မာအလုပ်သမားတွေကို ဗွီဒီယိုသတင်းသွား
ရိုက်ခဲ့ကြပါတယ်။ဒေသခံအလုပ်သမားတစ်ယောက်လိုက်ပြလို့ကားမှတ်တိုင်မှာသောင်းကျန်းနေတဲ့ နတ်
ကလိမ်ကိုဓါတ်ပုံသွားရိုက်တော့ နတ်ခေါင်နတ်ခေါင်(သတင်းထောက်၊သတင်းထောက်)ဆိုပြီး ထွက်ပြေးသွား
တယ်လို့သိရပါတယ်။
မဟာချိုင်မှာ ခရီသည်ပါတဲ့ တက္ကစီ ကိုမြင်တာနဲ့တပြိုင်တည်း မဟာချိုင်မှ ပုလိပ်များမှာ အမဲကောင်နောက်
ကိုလိုက်သည့် အမဲလိုက်ခွေးကဲ့သို့ မရ မကလိုက်ပါတော့တယ်။ကားကိုမီလိုက်တာနဲ့တပြိုင်တည်းလူရှင်း
တဲ့နေရာကိုခေါ်သွားပြီး တစ်ခုမဟုတ်တစ်ခုအပြစ်ရှာပြီးငွေမရရအောင်တောင်းခံပါတော့တယ်။ မဟာချိုင်
မှာအဆိုးဆုံးနဲ့ အပက်စက်ဆုံးပုလိပ်တွေကတော့ ၄ထပ်ကပုလိပ်များဖြစ်တယ်လို့ ပြောကြပါတယ်။ဒီ၎ထပ်
ကထိုင်းပုလိပ်တွေဟာ ရဲယူနီဖေါင်းဝတ်စရာမလိုပဲဖမ်းလို့ ရတယ်လို့ ပြောပါတယ်။အဆိုပါ၎ထပ်က ပုလိပ်
တွေ ဘာကြောင့်ယခုလောက်ထိဆိုးဝါးသောင်းကျန်းနေတယ်ဆိုတာကို ဆက်လက်ရှင်းပြရာမှာ။ပြီးခဲ့တဲ့
၂၀၀၆/၂၀၀၇ တုန်းက မဟာချိုင်ဂွင်တွင်အထူးနာမည်ကြီးခဲ့သည့်(ညွန့်ဝင်း၊သီဟ၊တောင်ကြီးနှင့်ငနိုင်)
တို့တွေနဲ့ ပေါင်းပြီးမဟာချိုင်မှာရှိသမျှမြန်မာအလုပ်သမားတွေကိုဖမ်းစားခဲ့တဲ့ဒီလူတွေရဲ့ဆရာ၊ကခု --- . . ……..ထပ်မှာအရာရှိဖြစ်နေပါတယ်။(မဟာချိုင်ရဲစခန်းကြီးမှာအထပ်ငါးထပ်ရှိပြီးတစ်ထပ်ချင်းစီ ဆာလာဝပ် (စခန်းမှူး)တစ်ဦးစီရှိပါတယ်။ဒီလူလုပ်လို့ထောင်ကျနေတဲ့မြန်မာတွေ၊သေသွားတဲ့မြန်မာတွေ
အတော်များတယ်လို့ခံဖူးတဲ့လူတွေကပြောပါတယ်။ယခုတစ်လောမဟာချိုင်မှာသေနတ်နဲ့ပစ်သတ်ခံရ
တဲ့မြန်မာအလောင်းတွေဟာ မဟာချိုင်ပုလိပ်တပည့်တွေဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
မဟာချိုင်မှာ မြန်မာပြည်သားကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ပဲလာလာသူ့ကိုပေးရတယ်။တရားပွဲလုပ်
မယ်ဆိုရင်တောင် မဟာချိုင်က ဗမာဂေါပကလူကြီးတွေ ကသူ့ကိုသွားပြီးလာဘ်ထိုးတယ်။ ဆိုတော့ ဘုန်း
ကြီးတရားပွဲလုပ်ရင်တောင်သူကပိတ်ဆံရနေတယ်။ဒါမျိုးကမလုပ်သင့်တဲ့အလုပ်လို့ လူငယ်တွေကပြောပါ
တယ်။ ရုံးပိုင်းဆိုင်ရာတစ်ခုခုလုပ်မယ်ဆိုရင် သူ့ကိုပေးရပါတယ်။
ခုနာရေးကူညီမှုအတွက်ရံပုံငွေတွေကောက်နေတဲ့လူတွေကိုဖမ်းပြီး ငွေံတောင်းပါတယ်။ ပတ်စပို့ရှိရှိ
မရှိရှိ ဖမ်းလာတဲ့မြန်မာအလုပ်သမားတွေကို ဖမ်းတယ် တနင်္ဂနွေနေ့ ဆိုတော့ သူဌေးတွေကမလာဘူး၊
အလုပ်သမားတွေကအချုပ်ထဲမှာ တစ်ညမအိပ်ချင်ကြဘူးလေ။ ငွေံပေးပြီးလွတ်လာတယ်။ဟိုအဖွဲ့ဒီအဖွဲ့
တွေ ဆိုပြီးကြောက်ကြောက်လန့် လန့် နဲ့လုပ်နေမယ့်အစားမြန်မာအလုပ်သမားတွေ တစ်ခုခုဖြစ်ရင်
အားလုံးဝိုင်းပြီးဖြေရှင်းတာတို့တွေလုပ်သင့်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လ၂၁ ရက်နေ့ ညနေပိုင်းက ညဆိုင်းဆင်းတဲ့မြန်မာအလုပ်သမား ၃၀ ကို ချပ်ကျင် တံတား
အောက်မှာဖမ်းပြီးတော့ ဆီးစစ်တယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ/မရှိပေါ့လေ။အလုပ်သမားတွေက မူးယစ်
ဆေးဝါးဘယ်လိုလုပ်ပြီးသုံးနိုင်မလဲ၊ဆိုတော့ သုံးစွဲထားတာမတွေ့တော့ ဆီးစစ်ခဆိုပြီးတစ်ယောက်ကို ဘတ်
၂၀၀စီပေးလိုက်ရတယ်။မပေးမချင်းကားကိုရပ်ထားရပါတယ်။အလုပ်သမားတွေကလည်းအလုပ်မပျက်ရင်ပြီး
ရော၊ ရဲစခန်းလိုက်သွားရင်အချုပ်ထဲမှာတစ်ညအိပ်ရမယ်၊အလုပ်လည်းတစ်ညပျက်မယ်ပေါ့။
စီမံကိန်းနဲ့လုပ်တာတော့လုပ်ပေါ့၊စစ်ပါ၊စစ်ဆေးလို့ဘာအပြစ်မှမတွေ့၇င် ပြန်လွှတ်ပေါ့၊ခုဟာကအဲလိုမ
ဟုတ်ဘူး၊ဆီးစစ်ခပေးရတယ်လို့ ကိုယ်တိုင်ပေးခဲ့ရသူတစ်ဦးကပြောပါတယ်။လမ်းမှာမပေးပဲ ရဲစခန်းကို
ရောက်သွားရင် လေးငါးထောင်ပေးရတယ်လို့လည်းပြောကြပါတယ်။ သူဌေးလိုက်မလာရင် လေးငါးရက်
အချုပ်ထဲမှာနေရတယ်လို့ဆိုပါတယ်။
နောက်တစ်နည်းသုံးနေတာကတနင်္ဂနွေနေ့တွေမှာ ဘတ်ရှိရှိ/မရှိရှိ ဖမ်းပါတယ်။ပြီးခဲ့တဲ့ဇွန်လ၂၀ ရက်
တနင်္ဂနွေနေ့ က မဟာချိုင် ထိုင်ယူနစ်ပုဇွန်အလုပ်ရုံအနီးကသစ်စက်ဝင်းအတွင်းက မြန်မာအလုပ်
သမားများနေထိုင်တဲ့အိမ်ခန်းတွေကို၇ဲကားသုံးစီးလာရောက်ဖမ်းဆီးတာလူ၁၄ဦးဖမ်းဆီးခံခဲ့ရတယ်။
တနင်္ဂနွေနေ့ဆိုတော့သူဌေးကဖုန်းပိတ်ထားတယ်။ပုလိပ်ကအိုကေမင်းတို့ ဒီညလွတ်ချင်လား၊လွတ်ချင်ရင်ဘတ်
၅၀၀ ပေး၊အဲလိုလုပ်တာပါ။ဆိုတော့ မြန်မာအလုပ်သမားတွေကလည်း အချုပ်ခန်းထဲမှာမအိပ်ချင်တော့ ငွေပေးပြီးထွက်လာကြတော့ပုလိပ်တွေကတနင်္ဂနွေနေ့ ဖမ်းတဲ့ဗျူးဟာသုံးနေကြပါတယ်။ပတ်စပို့ရှိတဲ့လူကိုဖမ်းတင်သွားပြီးလမ်းမှာချထားခဲ့တယ်။ငွေတောင်းတာ
တော့မတွေ့ ၇သေးဘူးလို့ ဆိုပါတယ်။
မဟာချိုင်မှာ သိန်းချီရှိတဲ့မြန်မာအလုပ်သမားတွေအတွက် မြန်မာဈေးဆိုင်တွေအမြောက်အများရှိပါတယ်။
တရားဝင်အခွန်ပေးရတဲ့အပြင် ရဲစခန်းကို တစ်လကိုဘတ်၅၀၀၀ စီအနည်းဆုံးပေးရတာကြောင့် စားသောက်ကုန်တွေမှာအမြတ်တင်ကြပါတယ်။တန်းလျားမှာနေတဲ့အလုပ်သမားတွေကိုလည်းေ၇ာင်းရင်း
ကိုယ်လည်းစားချင်တာကြောင့်ကွမ်းဗူးကလေးဆောင်ပြီးစားတာကိုတောင် ပုလိပ်ကိုငွေပေးရပါတယ်။ အဓိကစားသုံးသူမြန်မာအလုပ်သမားတွေသာနစ်နာပါတယ်။ဒါ့အပြင် ဈေးဆိုင်တွေက အနီးအနားမှာရှိတဲ့ မြန်မာတွေဘာလုပ်လဲ၊ဘယ်မှာနေလဲ၊ဘတ်ရှိလားကွန်ပျူတာရှိလား၊စီဒီခွေကူးလား အစရှိသဖြင့် ပုလိပ်သတင်းပေးအဖြစ်လုပ်ပေးရပါတယ်။ဒါကြောင့် မဟာချိုင်ကမြန်မာအလုပ်သမားတွေအတော်သတိ
ထားနေရတယ်လို့ ဆိုပါတယ်။
အလုပ်ရုံတွေမှာဆဲတာတွေကတော့ ရိုးအီနေပါပြီ။အနံ့အသက်တွေနံစော်နေတဲ့ ငါးပုဇွန်အလုပ်ရုံတွေမှာ တစ်နေကုန်တစ်နေခန်း၊နေ့နေ့/ညညပင်ပင်ပန်းပန်းလုပ်ကိုင်တဲ့ငွေတွေ၊ထိုင်းမှာပဲကုန်ကျနေပါတယ်။
ဘတ်လုပ်၊ယာယီပတ်စပို့ လုပ်၊တက်လာတဲ့စရိတ်၊နေထိုင်စရိတ်တွေကိုလုပ်ဆပ်လိုက်၊စားသောက်လိုက်
်နဲ့ လုံးခြာလိုက်နေကြပါတယ်။
အခန်းမလုံလို့၊အခန်းကိုမပိတ်မိလို့ အိပ်ပျော်နေတဲ့မြန်မာအလုပ်သမလေးတွေကို အဓ္ဓမပြုကျင့်ပြီးသတ်
ပစ်တာတွေ၊ကားပေါ်တင်သွားပြီးတော့ အုပ်စုလိုက်အဓ္ဓမပြုကျင့်တာတွေ၊ပြီးတော့အသက်ကိုပါသတ်ပစ်ခဲ့
တာတွေရှိပါတယ်။ လင်ရှိမယားရော၊အဖေ၊အမေနဲ့တစ်အိမ်တည်းနေတဲ့မိန်းမပျိုလေးတွေကိုဆွဲခေါ်သွား
ပေမယ့် ဘယ်သူမှ တားမြစ်ခြင်းငှါမစွမ်းသာပါ။ မြို့တစ်မြို့ရဲ့အခင်းအကျင်းနဲ့ တည်ထောင်ထားတဲ့ ငါးပု
ဇွန်(ပင်လယ်အစားအစာ)ထုတ်လုပ်တဲ့မြို့ဖြစ်ပေမယ့် ထိုင်းလုပ်ငန်းရှင်တွေ၊ထိုင်းရဲတွေ၊ထိုင်းလမ်သရဲ
တွေ၊ဒေသခံထိုင်းလူမျိုးတွေ က အလုပ်လုပ်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိုပြုမူ
နေတဲ့အခင်းအကျင်းကိုကြည့်ရင် သူပုန်/ဓါးပြတွေထူပြောတဲ့ ဗဟိုအုပ်ချုပ်မှု ယန္တရားနဲ့ဝေးကွာတဲ့နယ်
စွန်နယ်ဖျား ရွာတစ်ရွာလိုဖြစ်နေပါတယ်။ ကိုယ့်အခန်းမှာ အတူတူနေတဲ့ ကိုယ့်ရဲ့ဇနီးကိုတောင်မှ ကိုယ်
စိတ်ချလက်ချ နေထိုင်လို့ မရသလောက်ကို ဆိုးဝါးပါတယ်။
ဒီလိုမတရားမှုတွေဆိုဝါးသောင်းကျန်းတဲ့မဟာချိုင်ကို မဲဆောက်မြို့ကလူကုန်ကူးသူတွေကနေစဉ် ရာချီ
ရှိတဲ့မြန်မာအလုပ်သမားတွေ လာရောက်ရောင်းချနေတာကြောင့် တရားမ၀င်မြန်မာအလုပ်သမားတွေ
အလျှံပယ်ပေါများပါတယ်။ မွန်ဗမာပွဲစားတွေကလည်း ထိုင်းရဲများနဲ့ပေါင်းပြီး မြန်မာအလုပ်သမားတွေအ
ထွက်ဗူးလေးရာမှာဖရုံဆင့်ပါတယ်။ပူးဆွေးလို့ ငိုကြွေးနေသူကို ငိုချင်းရှည်အောင်ဆက်၇ိုက်ပေးသလို ဖြစ်
နေပါတယ်။မဟာချိုင်က ရှိသမျှထိုင်း၇ဲတွေမှာ မွန်ဗမာတပည့်တစ်ယောက်စီအနည်းဆုံးမွေးထားပါတယ်။
ဗမာအချင်းချင်းဖမ်းစားပါတယ်။နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)မရှိတဲ့မြန်မာအလုပ်သမားရှိတယ်လို့ 
သတင်းပို့ လိုက်တာနဲ့ မဟာချိုင်ပုလိပ်ကချက်ခြင်းကိုရောက်လာပါတယ်။မဟာချိုင်ကမြန်မာအလုပ်သမား
တွေမှာ ထိုင်းပုလိပ်မြင်လည်းကြောက်၊ပုလိပ်တပည့်ကိုလည်းကြောက်ရတဲ့အနေအထားပါ။
ပုလိပ်ဖမ်းခြင်းသံသရာနဲ့အကြွေးတွေများလွန်းလို့ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာတွေတောင်ရှိခဲ့ပါတယ်။
မဟာချိုင်မှာ ထိုင်းစကားတတ်တဲ့မွန်ဗမာအတော်များများတို့ ဟာ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ရပ်ကွက်
တိုင်း၊လမ်းတိုင်းကိုလိုက်လံပြီးတော့ ဘတ်မရှိတဲ့မြန်မာအလုပ်သမားတွေကိုလိုက်လံရှာဖွေပါတယ်။ မြန်မာ
အလုပ်သမားတစ်ယောက်ဖမ်းမိမှ သူတို့ အ တွက်နေ့တွက်ကိုက်တယ်လို့ ဆိုပါတယ်။ ယခုနောက်ဆုံးပေါ်
ဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေက မဟာချိုင်မှာ အလုပ်သမားအတော်များများက နေထိုင်အလုပ်လုပ်ကိုင်ခွင့်
(ဘတ်)အပြင် ယာယီပတ်စပို့ တွေလုပ်ကိုင်ထားပြီးဖြစ်တာကြောင့် ထိုင်းပုလိပ်တွေက၊စားကွက်တစ်ခု
ထွင်လိုက်ကြပါတယ်။အလုပ်သမားတွေနေတဲ့အိမ်တန်းလျားတွေကိုဝင်ရောက်ပြီးတော့(ဘတ်)ရှိလားမေး
ပါတယ်။ဘတ်ကိုပြနိုင်ပေမယ့်တစ်အိမ်လုံးကိုရှာပါတယ်။အတော်အသင့်ကောင်းတဲ့ဖုန်းတွေ၊ကယ်မရာတွေ
တွေ့ရင်ဘောင်းဘီအိပ်ထဲကိုဘာမပြောညာမပြောနဲ့ကောက်ပြီးထည့်လိုက်ပါတယ်။အလုပ်သမားတွေပေါင်းနေ
တဲ့အခန်းတွေမှာ စားစရိတ်တွေမှတ်ထားတာတွေ၊ဖုန်းနံပါတ်မှတ်ထားတာတွေကို ကဏန်းသုံးလုံးယူပြီး ဆုတ်ဖြဲလိုက်ပါတယ်။ပြီးတော့ချဲထီလောင်းကစားမှုနဲ့ဖမ်းပါတော့တယ်။ဘတ်တစ်သောင်းတောင်းပေမယ့်
ဘတ်၆၀၀၀ကတော့ပေါက်ဈေးဖြစ်နေပါတယ်။
ယခင်ကလလယ်ရက်တွေနဲ့လကုန်ရက်တွေမှာချဲဖိုးရှာပါတယ်။ယခုလိုကမ္ဘာ့ဘောလုံးပွဲတို့အပြင်အခြားသော
နိုင်ငံတကာဘောလုံးပွဲတွေမှာထိုင်းပုလိပ်အတော်များများတို့ က၊လောင်းကြတာကြောင့်အပိုငွေတိုးပြီးရှာကြရပါတယ်။ပြီးခဲ့တဲ့တစ်ရက်နေ့ကမဟာချိုင်မူမိုင်ဘက်မှာကိုအေး
ဆိုတဲ့အလုပ်သမားတစ်ယောက်ကိုချဲစာရွက်နဲ့ဖမ်းတယ်ဆိုပြီးပုလိပ်ရေးတဲ့စာရွက်နဲ့ဖမ်းဆီးခံရပါတယ်။ ဘတ်၇၀၀၀ ပေးရမယ်လို့ပြောပြီးမဟာချိုင် ၄ထပ်ရဲစခန်းကြီးကိုခေါ်သွားခဲ့ပါတယ်။ ရဲစခန်းရောက်တော့ ဘတ်၆၀၀၀နဲ့ဈေးညှိပြီးပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းတဲ့ပုလိပ်ကအိမ်မှာကတည်းက၆၀၀၀/ပေးရင်အလုပ်မပျက်ဘူး။ရဲစခန်းရောက်တော့ပေးလည်းပေးရ၊
အလုပ်လည်းပျက်တော့ အလုပ်သမားပဲနစ်နာတာပေါ့လို့ ဖမ်းတဲ့ပုလိပ်ကစီးပွားတွက်ပြပြီးပြောပါသေးတယ်။
ထိုင်းပုလိပ်တွေဟာ နေ့စဉ်ပုံမှန်သုံးဖို့ ၊ဘီယာသောက်ဖို့ ၊အိမ်မှာခိုင်းထားတဲ့အိမ်ဖေါ်အလုပ်သမဖို့၊ အချို့ဆို အငယ်အနှောင်းဖို့အမြဲကိုရှာကြရပါတယ်။နိုင်ငံအနှံ့ရွေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး စီမံကိန်းတွေအပါ အ၀င်နယ်ထိန်း(ဆိုင်ကယ်စီး)ပုလိပ်တွေကတစ်နေ့ကိုဘယ်ရွေ့ဘယ်မျှစခန်းကိုရှာသွင်းရမယ်ဆိုတာတောင်
ရှိမယ်ထင်ပါတယ်။ ခြုံပြောရရင်မြန်မာအလုပ်သမားအကုန်လုံးဟာထိုင်းပုလိပ်တွေရဲ့အစာအာဟာရဖြစ်ပါတယ်။
ထိုင်းတွေဟာမြန်မာအလုပ်သမားတွေအနားကိုကပ်လာပြီးဖြစ်စေ၊အခန်းတွင်းကိုဝင်လာပြီးဖြစ်စေ၊လက်ကိုင်ဖုန်း
ကိုငှါးပါတယ်။ဖုန်းဆက်မယ်ပေါ့၊အဲလိုယူသွားပြီးပြန်မပေးပဲနေတာကမဟာချိုင်နေရာတိုင်းမှာလို့ လည်းပြောကြပါတယ်။ မြန်မာတွေမဖမ်းရင် ထိုင်းပုလိပ်တွေရပ်တည်လို့မရနိုင်ဘူးထင်ပါတယ်။ ထိုင်းနိုှုင်ငံမြို့တိုင်းမှာ လက်ကိုင်ဖုန်းတွေရောင်းတဲ့ဆိုင်တွေအနားမှာ သတိထားပြီးစောင့်ကြည့်နေပါ။ နေ့တိုင်းနေ့တိုင်း မြန်မာအလုပ်သမား
တွေဆီက မတရားသိမ်းဆည်းလာတဲ့ လက်ကိုင်ဖုန်းတစ်လုံးကို ဘတ်၂၀၀ ကနေ ဘတ်၅၀၀ အတွင်းရောင်းချနေတာတွေ့ရမှာဖြစ်ပါတယ်။
လမ်းကိုထွက်လာတဲ့မြန်မာအလုပ်သမားတစ်ယောက်မှာ ပါသွားတဲ့ ရွှေ၊ငွေ၊လက်ဝတ်လက်စား၊ဖုန်း၊
ကယ်မရာအပါအ၀င် အခြားသောပစ္စည်းတွေဆိုတာ ထိုင်းပုလိပ်တွေ မယူချင်လို့လွှတ်လိုက်လို့ သာ
ပြန်ပါနိုင်ပါတယ်။ နေထိုင်ခွင့်စာရွက်စာတမ်းတွေ ဘယ်လောက်ပဲပြည့်စုံပြည့်စုံ အနညှ်းှဆုံးဘီယာဖိုး
ပေးခဲ့ပါလို့ မျက်နှာပြောင်တိုက်တောင်းပါတယ်။
ရေးပြလို့မဆုံး တစ်ထောင့်တစ်ညပုံပြင်လိုပြောမဆုံးနိုင်တဲ့မဟာချိုင်မှာ မြန်မာအလုပ်သမားတွေရဲ့ကျမ္မာရေး
၊ပညာရေးနဲ့ အလုပ်သမားများအခွင့်အေ၇းဆိုင်ရာကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ဖွဲ့စည်းထည်ထောင်ထားတဲ့
အဖွဲ့အနည်းငယ်ရှိပါတယ်။ ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်းအဖြစ်ပါ။ ဘယ်လိုမှ ကာကွယ်
စောင့်ရှောက်နိုင်စွမ်းမရှိပါဘူး။ သာရေးနာရေးအဖွဲ့ကလေးတွေ၊စာကြည့်တိုက်ကလေးတွေတည်ထောင်
ထားကြပါတယ်။အခက်အခဲတွေအန္တရာယ်တွေကြားထဲမှာလုပ်နေကြရတဲ့မြန်မာအလုပ်သမားအရေးဆောင်ရွက
်နေကြတဲ့အဖွဲ့တွေမှာလည်းနောက်ကြောမလုံ။နတ်ကလိမ်နဲ့ထိုင်းပုလိပ်ကအစကြောက်နေရတာပါ။
မဟာချိုင်ကမြန်မာအလုပ်သမားတွေရဲ့ဘ၀တွေက ဟင်းလင်းပြင်မှာရှိနေတဲ့အရာဝတ္ထုတစ်ခုလို့လုံးဝအကာ အကွယ်မရှိတဲ့အနေအထားပါ။နယ်မြေကြီးမားကျယ်ပြန့်ပြီးသီးခြားစီရှိနေတဲ့တည်ဆောက်ထားမှု အနေအထားတွေ၊ဘယ်သူသတ်လို့သတ်ခဲ့မှန်မသိတဲ့မြန်မာအလုပ်သမားတွေ၇ဲ့အလောင်းတွေလမ်းဘေးဓနိ
တောစပ်မှာ မကြာမကြာတွေ့ရတတ်ပါတယ်။ ရွေ့ပြောင်းအလုပ်သမားတွေရဲ့အားကိုးရာမဲ့တဲ့အနေအထားတွေဒီအတိုင်းသာရှိနေအုံးမယ်ဆိုရင်၊မဟာချိုင်မှာရှိ
တဲ့မြန်မာရွေ့ပြောင်းအလုပ်သမားတွေ ဟာ ဒုက္ခပေါင်းစုံကိုမဟာ့မဟာဆက်လက်ခံစားနေရအုံးမှာပါ။

**ကျော်သောင်း**

No comments:

Post a Comment